ဘားအံခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် Onlineမှ တစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေး

ဘားအံ ဒီဇင်ဘာ  ၁၀

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Page တွင် စာပေချစ်မြတ်နိုးသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ကလေးငယ်များ ဗဟုသုတ ရရှိစေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ ရရှိစေရန် ဘားအံခရိုင်ပြည်သူ့ စာကြည့်တိုက် Facebook Page မှ တစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စက္ကူခေါက်ခြင်း၊ သိမှတ်ဖွယ်ရာဗဟု သုတအကြောင်းအရာများ မျှဝေပေးခြင်းတို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ရိုက်ကူး၍ Online မှတစ်ဆင့် နေ့စဉ်တင်ဆက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)