သတင်းများ

မောက်မယ်မြို့တွင် ၄၀၀ဗို့ဓါတ်အားကြိုးလိုင်းလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်
Dec 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မောက်မယ်မြို့နယ် ရပ်ကွက်အတွင်း မြို့တွင်း၄၀၀ဗို့ ဓါတ်အားကြိုးလိုင်းများကို ယနေ့နံနက်၈နာရီခွဲကစတင်ပြီး လှဲလှယ်ဆောင်ရွက်ပေးကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ်၊ ဘာသာရပ် အသီးသီး၌ အသစ်ခန့်အပ်ထားသောနည်းပြ၊ သရုပ်ပြဆရာ/ဆရာမ သစ်လွင်များ မွမ်းမံသင်တန်း ပြီးမြောက်ခြင်းအခမ်းအနားသို့ တက်ရောက်
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ ဘာသာရပ်အသီးသီးတွင် အသစ် ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြဆရာ/ဆရာမ သစ်လွင်များ မွမ်းမံသင်တန်း ပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Dec 10,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများမှ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုံပါကျင်မြို့၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေနှင့်ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ယနေ့နံနက် ၁၁ နာရီက နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လက်ပန်ပင်ကျေးရွာတွင် အိုမိခရွန်(omicron) ကိုဗစ်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး
Dec 10,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အိုမိခရွန်(omicron) ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါ ပိုးကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းက လက်ပန်ပင်ကျေးရွာသို့ကွင်းဆင်းပြီး အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းများ နှိုးဆော်ခဲ့ ကြောင်း သိရသည်။