သတင်းများ

သန်လျင်မြို့နယ်၌ ဈေးများ ပုံမှန်ရောင်းချပေးလျက်ရှိ
Dec 10,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်းက ဈေးများ ပုံမှန်ဖွင့်လှစ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ
Dec 10,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအားဒုတိယ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 
သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၉၅၅ ဦး တို့အား   ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 10,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထားသူ ၉၅၅ ဦးတို့အား ဒုတိယအကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ်များတွင် ယမန် နေ့က ထိုးနှံပေးကြောင်း သိရသည်။
ပွင့်ဖြူ၌ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားချွေတာစွာ အသုံးပြုသည့် အလေ့အကျင့်များ ရရှိစေရေး အသိပညာပေးဆိုင်းဘုတ် ပြသဆောင်ရွက်
Dec 10,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်မီး အသုံးပြုရာတွင် အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ် အသုံးပြုတတ်စေရန်နှင့် ဓာတ်အားချွေတာစွာ အသုံးပြုသည့် အလေ့အကျင့်များ ရရှိစေရေး အတွက် ယနေ့ နံနက်ပိုင်းက အများပြည်သူ သိရှိလေ့လာနိုင်ရန် မြို့နယ်ရုံးရှေ့တွင် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူပြသဆောင်ရွက်ထားရှိကြောင်း အဆိုပါ မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော်ထံမှ သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး သိကောင်းစရာများနှင့် သတ်မှတ်ထားသည့်အုပ်စုများ ကာကွယ်​ဆေးလာ​ရောက်ထိုးနှံ​ရေး အသဲချဲ့စက်ဖြင့် နှိုးဆော်
Dec 10,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုမရှိစေရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရပ်ကွက် (၁၀) ရပ်ကွက်တွင် ယမန်နေ့ည (၇)နာရီ အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး သိကောင်းစရာများနှင့် သတ်မှတ်အုပ်စုများ ကာကွယ်​ဆေးလာ​ရောက်ထိုးနှံ​ရေး အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့သည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ ရုံးတွင်းနံရံကပ်ဘုတ်ပြသ
Dec 10,2021
 ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံကပ်ပြ ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ယနေ့မွန်လွဲ ၁နာရီ အချိန်က စတင်၍ ပြသဆောင်ရွက်ခဲ့သည်။
ပလောက်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းကောင်းများ အသိပညာပေးနှိုးဆော်
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ နံနက်၁၁ နာရီအချိန်က  ပလောက်မြို့ ရပ်ကွက်နှင့်ကျေးရွာများ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။