မိုင်းရယ်မြို့နယ် စုရပ်အသီးသီးမှ ဦးတည်အုပ်စုများအလိုက် ပဉ္စမအသုတ်(Phase -5) အထိ ခွဲ၍ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ

မိုင်းရယ်  ဒီဇင်ဘာ  ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မန်ကျောင်းကျေးလက်ကျန်းမာရေးဌာနခွဲ၊ မန်စန့်ကျေးလက် ကျန်းမာရေးဌာနခွဲ၊ ဟိုတိ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ လုတ်ခိုက်ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် လုံလိုင်းကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် ပြည်သူ(၆၁၅) ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် ဒုတိယ အသုတ် ဒုတိယအကြိမ်လာရောက်ထိုးနှံသူ (၄၅)ဦး၊ တတိယအသုတ် ဒုတိယအကြိမ် လာရောက် ထိုးနှံသူ(၁၇)ဦး၊ စတုတ္ထအသုတ် ပထမအကြိမ် လာရောက်ထိုးနှံသူ (၈)ဦးနှင့် ပဉ္စမအသုတ် ပထမ အကြိမ် လာရောက်ထိုးနှံသူ (၅၄၅)ဦး စုစုပေါင်း (၆၁၅)ဦး ကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်း များ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ကျော်ဇင်ထိုက်(ပြန်/ဆက်)