သတင်းများ

စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် လိုက်လံနှိုးဆော်
Dec 10,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲက  ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ပုဗ္ဗသီရိမြိုတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဈေးများဖွင့်လှစ်ရောင်းချ
Dec 10,2021
ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ခြင်းဖြစ်စဉ်များ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်ရာ ယာယီပိတ်သိမ်းထားသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများကို နိုဝင်ဘာလ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ် ခွင့်ပြုခဲ့ရာ ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနင့်အညီ ယနေ့အချိန်ထိ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
Dec 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၂)ရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ  ၂ဝ၅ဝ၅ ဦးအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးမည်
Dec 10,2021
 မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင်နေထိုင်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး( Sinopharm ) ပထမအကြိမ်ထိုးနှံပြီးသူ ၂ဝ၅ဝ၅ ဦးအား ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ “ဒို့ကျေးရွာဂျာနယ်” ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Dec 10,2021
ဝန်ထမ်းများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ ခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲက  “ဒို့ကျေးရွာဂျာနယ်” ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ပထမအကြိမ်  (၅)ရက်မြောက်ဆက်လက်ထိုးနှံပေး
Dec 10,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  အသက်(၁၈)နှစ်အထက် ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ် (၅)ရက်မြောက် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Dec 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  အောင်မင်္ဂလာရပ်ကွက်အတွင်းရှိ မီးသတ်ရေကန်များအား သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ရေဖြည့်ခြင်းလုပ်ငန်းများကို ယနေ့နံနက်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
သုံးဆယ်မြို့တွင် ရှင်ပြု နားသမင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာ လှည့်လည်ကျင်းပ
Dec 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ လမ်းမတော်လမ်းတွင် ယနေ့ နံနက် ၁၀ နာရီက ရွှေနန်းသစ်ရွှေဆိုင်မှ အလှူဒါယကာ၊ ဒါယိကာမများဖြစ်သော ဦးအောင်ဘိုဘိုဝင်း+ဒေါ်သူဇာသွင် မိသားစုမှ အမှူးပြုပြီး သားရှင်လောင်းနှင့် နားသမင်္ဂလာ အခမ်းအနားအား လူစည်ကားစွာဖြင့် စီတန်း လှည့်လှည်ကျင်းပခဲ့ကြောင်း သိရှိရသည်။