စဉ့်ကိုင်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၂၁)ဖွင့်ပွဲကျင်းပ
Dec 11,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သောအခြေခံ ရှေးဦးပြုစုခြင်းသင်တန်း(၁/၂၀၂၁) ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ရန်အောင်မြင်ရပ်ကွက် ရွှေကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က ကြက်ခြေနီအသင်း၏ ဖွဲ့စည်းပုံနှင့် ရည်ရွယ်ချက်များ အကြောင်းကို အဖွင့်အမှာစကားအဖြစ်ပြောကြားခဲ့သည်။