ပလောက် ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား ယနေ့ နံနက်၁၁ နာရီအချိန်က ပလောက်မြို့ ရပ်ကွက်နှင့်ကျေးရွာများ၌ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊လူ အများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာကာ (Face Shield) ကို တွဲဖက်တပ်ဆင်ပါ၊တစ်ဦးနှင့်တစ်ဦးတတ် နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေး ရှောင်ပ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်အခန်းများ၊ အဲကွန်းအခန်းများ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ် နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိအသက်(၆၀)နှစ် အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊နှလုံး စသည့် နာတာရှည်ရောဂါရှိသူ များနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ပါစသည့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများကို ပြည်သူများ သိရှိစေရန်အတွက် (Hand Speaker) လှည့်လည် အသိပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)