ကျောက်မဲ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး များ မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တတ်နိုင် သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန် ၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်း စည်း(Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန် ၊ လက်ကို စက္ကန့် (၂၀)ကြာ စနစ် တကျ ဆေးကြောကြရန် ၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန် ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်သွားလာကြရန် ၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာ ရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန် ၊ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလမ်းညွှန်ချက်များကို ပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် အသက် ၁၈ နှစ်အထက် ပြည်သူများ အား ကိုဗစ်ရောဂါကာကွယ်ဆေး(ပထမအကြိမ်)ကို ဒီဇင်ဘာလ နောက်ဆုံးအပါတ်အထိသာ ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်းတို့ကို လှည့်လည်ကာ အသိပေးနှိုးဆော်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ဇွန် ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီအထိ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူပေါင်း ၁၈၇၂ဦး၊ ဆေးရုံတွင်ကုသဆဲကိုဗစ်လူနာ ၂၅ ဦး၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၅ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)