ငါ့သရောက်မြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းနေမှု တာဝန်ရှိသူများ ကွင်းဆင်းလေ့လာကြည့်ရှု

ငါ့သရောက်   ဒီဇင်ဘာ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ယခုနှစ်မိုးဦးကာလက စတင် စိုက်ပျိုးခဲ့သော မိုးကောင်း သောက်စပါးများစတင်ရိတ်သိမ်းလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ သည် တောင်သူ ဦးနီတို၏ လယ်ကွက်မှစပါးရိတ်သိမ်းနေမှု အခြေအနေများကို ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ငါ့သရောက်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် မိုးကောင်းသောက် စပါး (၁၀)ဧက စိုက်ပျိုးထားရှိပြီး ယခု ရိတ်သိမ်း ကာလတွင် အထွက်နှုန်း ခန့်မှန်းနိုင်ရန်အတွက် မြို့စိုက်ပျိုးရေးဦးစီးဌာနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မှ တာဝန်ရှိသူများက ကွင်းအမှတ်-၁၄၇၄မှ တောင်သူ ဦးနီတို၏ မိုးကောင်းသောက်စပါး (မနောသုခ) (၁.၅)ဧက စိုက်ခင်းရိတ် သိမ်းနေမှုအား ကြည့်ရှုလေ့လာကြရာ၊ အဆိုပါစပါးခင်းမှ ပျမ်းမျှအထွက်နှုန်း (၇၉.၁၀)တင်း ထွက်ရှိကြောင်းသိရသည်။

ဖြိုးဝေ(ပြန်/ဆက်)