ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပွင့်ဖြူ ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မိမိတို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်ကင်းဝေးစေရေးအတွက် က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ဒီဇင်ဘာလကုန်တွင် ဆေးထိုးဦးရေ ၅၀% ပြည့်မီအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းပြီး၊ မပြီးကို စစ်ဆေးရေးစုရပ် (၂)နေရာသတ်မှတ်၍ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က အလေးထား စစ်ဆေး ပေးစေလိုကြောင်း၊ အသိပညာပေးနှိုးဆော်ခြင်း၊ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အရှိန်အဟုန်မြှင့်တင်၍ အားထည့်၍ ဆောင်ရွက်သွားကြရန်နှင့် ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းနှင့်ပတ်သက်ပြီး ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကို ကျေးရွာများ အရောက် ဆေးထိုးအုပ်စုများခွဲ၍ ဆေးထိုးပေးနှံရေးတို့ကို ရှင်းလင်းဆွေးနွေးပြော ကြားသည်။

ထို့နောက်တက်ရောက် လာသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့် ကျေးရွားများအရောက် ကွင်းဆင်းပြီး ဆေးထိုးပေးမည့် လုပ်ငန်း အစီအစဉ်များ၊ ဆေးထိုးပြီး၊ မပြီးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ဝိုင်းဝန်း   အကြံပြု ဆွေး‌‌နွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ခင်ဝါဝါလှိုင်(ပြန်/ဆက်)