နတ်မောက် ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မကျီးချိုကျေးရွာအုပ်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက မကျီးချိုကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ် သူကျား (၁၄) ဦး၊ မ(၁၃)ဦး၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် လာရောက်ပြုလုပ်သူ ကျား(၈)ဦး၊ မ(၂)ဦး၊ မိတ္တူ မ (၂) ဦး၊ စုစုပေါင်း (၃၉)ဦးအား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ မကျီးချိုကျေးရွာကို ယခုလိုမြို့နယ်မှ နိုင်ငံသားစိစစ်ရေးကတ်များလာရောက် လုပ်ဆောင်ပေးတဲ့အတွက် အချိန်ကုန်သက်သာလိုမြို့ကိုသွား ရောက်လုပ်ဆောင်စရာ မလိုသည့်အတွက် ခရီးစရိတ်လည်းကုန်ကျမှု မရှိတာကြောင့် အထူးပင် ကျေးဇူးတင်ရှိပါတယ်” ဟုကျေးရွာရှိ ပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိဦးမျိုးတင့် ထံကသိရသည်။
သင်းသင်းမြတ် ပြန်/ဆက်