နမ့်ဆန် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသော ပြည်သူများ စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိအပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက “ပုံပြင်ပြော” အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း မြို့နယ်ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သာငယ်၊ သမီးငယ်လေးများအတွက် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက Online မှတစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက်အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောအစီအစဉ်၊ ကဗျာလေးတွေ ရွတ်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို စဉ်ဆက်မပြတ် တင်ဆက်ပြီး နမ့်ဆန်ပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသ ပြန်/ဆက်