ဇလွန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်း စံနှုန်းများအတိုင်းရောင်းချနိုင်ရေးစစ်ဆေး

ဇလွန်   ဇန်နဝါရီ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်စျေးနှုန်းစံနှုန်းများအတိုင်း ပုံမှန်ဈေးနှုန်း ဖြင့်ရောင်းချနိုင်ရေးအတွက် ရွှေဗျိုင်းဖြူ စက်သုံးဆီအရောင်းဆိုင်၊ Grand Max စက်သုံးဆီအရောင်းဆိုင်၊ UTS စက်သုံးဆီအရောင်းဆိုင် များအား အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေးကို ဇလွန်မြို့နယ် စျေးကွက်စောင့်ကြည့်လေ့လာ စီစစ်ကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက် ၁၁ နာရီအချိန်ခန့် တွင်စစ်ဆေးခဲ့ကြသည်။

ဇလွန်မြို့နယ်တွင် စက်သုံးဆီများကို ဈေးနှုန်းစံနှုန်းများအတိုင်း ရောင်းချနိုင်ရေးအတွက် ဇလွန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော ရွှေဗျိုင်းဖြူစက်သုံးဆီအရောင်းဆိုင်၊ Grand Max စက်သုံးဆီအရောင်းဆိုင်၊ UTS စက်သုံးဆီအရောင်းဆိုင်များအား အချင်အတွယ်၊ ဈေးနှုန်းမှန်ကန်ရေးစစ်ဆေးခြင်းကို ဇလွန်မြို့နယ် စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှကွင်းဆင်း၍ စစ်ဆေးခဲ့ကြောင်းသိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)