ဘားအံခရိုင်(Community Centre)ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့ (အကြို) စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ

ဘားအံ  ဇန်နဝါရီ  ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Comm unity Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်၊ လူရွယ်များ မမေ့အပ်သော နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို သိရှိစေရန်နှင့် ဖေဖော်ဝါရီ(၁၂)ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့(အကြို)  စာအုပ်၊ စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် ယနေ့ စာပေချစ်မြတ်နိုးသူ စာပေဝါသနာတူ ကျောင်းသား၊ ကျောင်းသူများ ကျောင်းမှ ရရှိသော ပညာဗဟုသုတအပြင် စာပေမှရရှိသော အသိပညာ အတတ်ပညာဗဟုသုတများ တိုးပွားရရှိစေမည့် သုတ/ရသ စာအုပ်စာစောင်များအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)