ဇီးကုန်း ဇန်နဝါရီ ၁၉
နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၄)အုပ်စုမှ အသက် (၈၅) နှစ်နှင့် အထက် အဘိုးအဘွား (၆၁၁) ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် (၁၈၃၃၀၀၀၀) ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေး အပ်ခဲ့သည်။
ယခုထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်စီကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)