ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆောင်ရွက်

ရွှေကူ     ဇန်နဝါရီ      ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ ညနေ  ၃  နာရီခန့်က စာပေချစ်မြတ်နိုးသူ ( Women Club ) အသင်းအဖွဲ့ဝင်များစုပေါင်း၍ “ လူငယ်နှင့်ဘဝတန်ဖိုး ” စာအုပ် ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ ရွှေကူမြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက စာပေချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်သူဇာမြင့်က လူငယ်များတန်ဖိုးမဲ့ဘဝတုံးခြင်းဘဝဆုံးခြင်းများ မဖြစ်ပေါ်စေရန် ဂရုပြုဆောင် ရွက်ကြရန်လိုအပ်ကြောင်းနှင့် ဘဝတန်ဖိုးကိုသိရှိနားလည်ခြင်းဖြင့် မိမိဘဝတိုးတက်မှုအတွက် အ ကောင်းဆုံးတည်ဆောက်နိုင်မည်ဖြစ်ကြောင်း “လူငယ်နှင့်ဘဝတန်ဖိုး” ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးပြီး၊(Women Club)အသင်းအဖွဲ့ဝင် မမေကြည်ဦးနှင့်ဒေါ်ညွှန့်ညွှန့်သိန်းတို့က လူငယ်များ၏ အနာဂတ်လှပစေရန် ကြိုးစား ဆောင်ရွက်သင့်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။ ထို့နောက် ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ခင်ပပသိန်းက ဆွေးနွေးတင်ပြသည့် အကြောင်းအရာများအပေါ် အမြင်နှင့်သုံးသပ်ချက်များကို ဆွေးနွေးခဲ့သည်။

 

ရွှေကူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ပရိတ်သတ်လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့်အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် သူတစ်ပါးကိုမျှဝေပေးနိုင်ရန်၊ ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ဗန်းမော်ခရိုင်(ပြန်/ဆက်)