ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲများကျင်းပ
Jan 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ ကာယဥာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပြီး ကျန်းမာပျော်ရွှင်သောအစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သောလူငယ်လူရွယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်ဂိမ်းကစားခြင်းပြိုင်ပွဲများကိုဇန်နဝါရီလ(၁၉)ရက်နေ့နံနက်(၁၀)နာရီအချိန်ကပြုလုပ်ဆောင်ရွက်ကြသည်။