သတင်းများ

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ နယ်မြေကွင်းဆင်းဆောင်ရွက်
Jan 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၂ ရက် ၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်များပြသ
Jan 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဓာတ်ပုံများ၊ အသိပညာပေး စာစောင်များ၊ နံရံကပ်ပြဘုတ်ပြုလုပ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေဆိုင်ရာအကြောင်းအသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းနေအရွယ်ကလေးများနှင့်ဒေသခံပြည်သူများအသိ ပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍အသိ ပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍လစဉ်ပုံမှန်လဲ လှယ်ပြသဆောင်ရွက် လျက်ရှိရာ ယမန်နေ့က မြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့မှ ကြီးမှူး၍ ပထမအကြိမ် ဓမ္မပူဇနိယ တရားပွဲတော်ကိုကျင်းပမည်
Jan 23,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့မှ ကြီးမှူး၍ ပထမအကြိမ် ဓမ္မပူဇနိယ တရားပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ မြို့မအရှေ့ရပ်ကွက်ရှိ သီရိမင်္ဂလာခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လမ်းမ‌တော်မြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး စစ်‌ဆေးဆောင်ရွက်
Jan 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ‌စေရေးအတွက် ယနေ့နံနက် (၉း၀၀)အချိန်က၊ မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဥ်စစ်‌ဆေးခြင်း ဆောင်ရွက်လျက်ရှိ‌သည်။
သီပေါမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jan 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူ များနှင့် ကျောင်း သား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် သုတ၊ ရသ စာအုပ်စာ‌စောင်မိတ်ဆက်ခြင်း အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင် ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှ ခေါက်ခြင်းအစီအစဉ်များကိုရိုက်ကူး၍ သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ တစ်ဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
မန်တုံမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  သံလိုက်ဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Jan 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်ကမ်းချက်များနှင့်အညီ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းသင်တန်းကို သင်တန်းသူ (၁၁)ဦးဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့သည်။
သီပေါမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်
Jan 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး အားကစားအစီ အစဉ် ရိုက်ကူးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။