ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ
Jan 23,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၁၈နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ၊ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံ့ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။