ပွင့်ဖြူမြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေဆိုင်ရာအကြောင်းအသိပညာပေး နံရံကပ်စာစောင်ပြသ

ပွင့်ဖြူ    ဇန်နဝါရီ     ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းနေအရွယ်ကလေးများနှင့်ဒေသခံပြည်သူများအသိ ပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍အသိ ပညာပေးအကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍လစဉ်ပုံမှန်လဲ လှယ်ပြသဆောင်ရွက် လျက်ရှိရာ ယမန်နေ့က မြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ် စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံ ကပ်စာစောင်တွင်ကလေးအလုပ်သ မားဟူသည်အဘယ်နည်း၊ ကလေးသူငယ်အဓိပ္ပာယ်ဖွင့်ဆိုချက်၊က လေးသူငယ်ဥပဒေပြဋ္ဌာန်းချက်၊ ကလေးအလုပ်သမားအခွင့်အရေး ဥပဒေ၊ ကလေးအလုပ်သမားသည် တရားမဝင်ပါ၊ ကလေး အလုပ်သမားဘဝမှ လွတ်မြောက်နိုင်ရေးအတွက် ကလေးအုပ်ထိန်းသူမိဘများအနေဖြင့် ဆောင်ရွက်သင့်သော နည်းလမ်းများစသည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရှိရာ ဒေသခံပြည်သူများနှင့် ကျောင်သား၊ကျောင်းသူများက စိတ်ပါ ဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်ဝါဝါလှိုင်(ပြန်/ဆက်)