သတင်းများ

မြို့သစ်မြို့မှ ကွန်ကရစ်ပစ္စည်းများ ပြုလုပ်ရောင်းချသူ ကုန်ကြမ်းစျေး မြင့်တက်သော်လည်း သက်သာသော်စျေးနှုန်းဖြင့် ဆက်လက်ရောင်းချနေ
Jan 23,2022
မကွေးခရိုင်၊ ​မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်တွင် ကွန်ကရစ်ပစ္စည်းများ  ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ ကျင်းပ
Jan 23,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်(၉) နာရီက Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား ဆဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် လူဦးရေ ၃၉၁၀ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးပြီးဖြစ်
Jan 23,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား ဆဋ္ဌမအသုတ် ပထမအကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဇန်နဝါရီ  ၂၂ ရက် နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံ ပေးခဲ့ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ(၁/၂၀၂၂)အစည်းအဝေး တက်ရောက်
Jan 23,2022
မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ်အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံ မြို့နယ်တွင် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sputnik light) (ရုရှား) ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလျော့နည်းကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုနေ့စဥ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်(၁၈ )နှစ်နှင့်အထက် ပြည်သူများအား (Sputnik light) (ရုရှား)ကာကွယ်ဆေး ကိုထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူများက ကုန်စည်ကူးသန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွမ်းလုံမြို့၌ ကုန်စည်ကူးသန်းရာတွင် ကိုဗစ်-၁၉ရောဂါ ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေး တရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မန်နံနက်(၁၀)နာရီအချိန်က ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ဆောင်းကုလားပဲစိုက် တောင်သူများ ဈေးကောင်းရရန်မျှော်လင့်
Jan 23,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကန်ရေကျေးရွာမှ တောင်သူများသည် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားသော ကုလားပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံများ ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း ကန်ရေကျေးရွာနေ ဒေသခံတောင်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအားပထမအသုတ် (ပထမ)အကြိမ်အဖြစ် လူဦးရေ (၁၅၄) ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးပြီးဖြစ်
Jan 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊တောင်ပြိုလက်ဝဲမြို့ ၊မြို့ပေါ်ရပ်ကွက်များ၌ ဦးတည် အုပ်စုတွင်ပါဝင်သည့်သူများအား ပထမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့က သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။