ဇန်နဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှု အန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာစေရေးအတွက် ယနေ့နံနက် (၉း၀၀)အချိန်က၊ မော်တင်ယာယီဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဥ်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ယာဉ်များသွားလာမှု များပြားသည့် မြို့နယ်အတွင်းရှိ၊ဘုန်းကြီးလမ်းနှင့် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင် ယာဉ်တိုက်မှု မဖြစ်ပွားစေရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသက်နောင်ဖြူ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်မြို့နယ်စည်ပင်သာယာ အဖွဲဝင်များပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့်ယာဥ်လမ်းရှင်းလင်း စေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဆန်းမြင့်