မန်တုံ ဇန်နဝါရီ ၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့နံနက်(၁၀:၀၀)နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်ကမ်းချက်များနှင့်အညီ မျက်နှာသစ်ဆပ်ပြာ ပြုလုပ်နည်းသင်တန်းကို သင်တန်းသူ (၁၁)ဦးဖြင့် အခမဲ့ ဖွင့်လှစ်ပေးခဲ့သည်။
သံလိုက်ဆီ ပြုလုပ်နည်းသင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ အိမ်တွင်း တစ်နိုင်တစ်ပိုင်ဖြင့် မိသားစုအပိုဝင်ငွေရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းဆရာမ ဒေါ်မာဘောက်မှ သံလိုက်ဆီပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ရှင်းလင်းပြသပေးကာ သင်တန်းသူများမှ စိတ်ပါဝင်စားစွာ သင်ယူခဲ့ပြီး သင်တန်းကာလမှာ (၁)ရက် ကြာမြင့်ပါသည်။
အဆိုပါ သံလိုက်ဆီ၏ အကျိုးအာနိသင်များမှာ လူကြီးများအတွက် အကြော၊ အဆစ်၊ ဒူးနာ၊ ခါးနာ၊ ထိခိုက်ရှနာများအတွက် ကောင်းမွန်၍ ကလေးငယ်များအတွက် ရင်ပြည့်ရင်ကယ်၊ အအေးမိ၊ ဝမ်းနှင့်ပတ်သက်သော ရောဂါမှန်သမျှကောင်းမွန်ပြီး မင်သော်၊ ရူကလစ်ဆီ၊ မုံညင်းဆီ၊ ထင်းရှူးဆီ၊ ပရုတ်မှုန့်၊ နံ့သာဖြူဆီ အစရှိတဲ့ ပစ္စည်း (၇) မျိုးဖြင့် ဖော်စပ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း သင်တန်းဆရာမ၏ ပြောကြားချက်အရ သိရသည်။
မန်တုံ ပြန်/ဆက်