သတင်းများ

မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေး ရှမ်း/ ဗမာ ဘာသာဖြင့် အသိပေးနှိုးဆော်
Jan 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို ရှမ်း/ဗမာဘာသာဖြင့် ယမန်​နေ့ ည​နေက ဟိုနား(ရှမ်း/အာခါ)ကျေးရွာနှင့် ပါပူးကျေးရွာသို့ Hand Speakerဖြင့် အသိပညာပေး နိုးဆော်ခဲ့သည်။
တံတားဦးမြို့နယ်တွင် သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်
Jan 23,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းနှင့်ဇာတ်တိုက်လေးကျင့်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါ မြို့နယ်မီးသတ် ဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
ကျေးရွာနေပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်
Jan 23,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယခု ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမခြောက်လပတ်ဘတ်ဂျတ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား မြေနီကျောက်စရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဖောက်လုပ်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးမှ သိရသည်။ 
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုနိုင်ရေး ညှိနှိုင်းစည်းဝေး
Jan 23,2022
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အောင်ပွဲရ ရခိုင်ပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုနိုင်ရေး ညှိနှိုင်းစည်းဝေးကို ယမန်နေ့မွန်းလွဲပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
လက်ပံတန်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးလက်မှုပညာသင်တန်းဆင်းပွဲ ကျင်းပ
Jan 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု ဝါးလက်မှုအခြေခံသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉နာရီက လက်ပံတန်းမြို့နယ် ကြို့ပင်စခန်းကျေးရွာအုပ်စု၊ ကြို့ပင်စခန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေးလှည့်လည်နှိုးဆော်
Jan 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့ နံနက် ၇ နာရီ က မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်
Jan 23,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း  ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
တောင်ငူ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 23,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ သည်။