မင်းဘူး ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဓာတ်ပုံများ၊ အသိပညာပေး စာစောင်များ၊ နံရံကပ်ပြဘုတ်ပြုလုပ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်။
ထိုသို့ နံရံကပ်စာစောင်များ ပြသရာတွင် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ သမိုင်းကြောင်းနှင့် ဦးတည်ချက်များ၊ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း လွတ်မြောက်ကြောင်း ကြိုးပမ်းမှုသမိုင်းတွင် ပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ် များ၏ မှတ်တမ်းဓာတ်ပုံများ ပြသထားခဲ့သည်။
ထို့အပြင် အိုမီခရွန် ရောဂါကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးစာစောင်များ၊ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ကပ်ရောဂါမှ ကာကွယ်ရန် ပြည်သူများပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေး ပိုစတာများနှင့် မင်းဘူး(စကု)မြို့နယ်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ပစ္စည်းများကို ဗဟုသုတဖြစ်စေရန်အတွက် ဘုတ် များနှင့် ပြခန်းများအဖြစ် ပြသထားကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)