ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူ များကို ယမန်နေ့ ဆေးထိုးစုရပ်(၄) သိရသည်။ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကင်းဝေးစေ ရေးအတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ နိဗ္ဗာန်(တ)ကျောင်း၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင် ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း ( Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များကိုပူးပေါင်း ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ယနေ့နေ့ လယ်ပိုင်းကဆေးထိုးစုရပ်(၄)နေရာတွင် ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၁၁၀ဦး၊ ဒုတိယ အကြိမ်ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၉၁၇ဦး ရှိကြောင်း သိရသည်။