မောင်တော ဇန်နဝါရီ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့မှ ကြီးမှူး၍ ပထမအကြိမ် ဓမ္မပူဇနိယ တရားပွဲတော်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ မြို့မအရှေ့ရပ်ကွက်ရှိ သီရိမင်္ဂလာခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့် အညီ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပထမအကြိမ် ဓမ္မပူဇနိယ တရားပွဲတော်ကို ကရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့မှ ကြီးမှူးကာ သာ သနာ တော်နှစ် ၂၅၆၅ ခု ၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခု ၊ တပို့တွဲလဆန်း(၁)ရက်နေ့မှ(၃)ရက်နေ့ထိ ညနေ(၇)နာရီမှ (၉) နာရီအထိကျင်းပ ပြုလုပ်မည်ဖြစ်ပြီး တရားဟောကြားမည့် ဆရာတော်များမှာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြောက်ဦး မြို့ ရွှေကြက်ဖ ဆရာတော်မှ လည်းကောင်း ၊ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဒါးပိုင်ဆရာတော်မှ လည်းကောင်း ၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် မောင်တောမြို့ ၊ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တ မဏိသာရ မှ ဟောကြား မည် ဖြစ်ရာ မိဘပြည်သူများအနေဖြင့် ပွဲတော်ဖြစ်မြောက်ရေး ကုသိုလ်အဖြစ် အလှူငွေများ ထည့်ဝင် လှူဒါန်း လိုပါက မောင်တောမြို့နယ် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်း ဖုန်းနံပါတ်များဖြစ်သော ၀၉၄၅၀၅၅၉၀ ၁၁ ၊ ၀၉၂၅၀၂၄၂၅၆၆ ၊ ၀၉၄၂၁၇၂၄၀၂၀ ၊ ၀၉၄၂၁၇၆၂၁၇၈ တို့အား ဆက်သွယ်လှူဒါန်းနိုင်ပြီး မောင်တော မြို့နယ်အတွင်း ဓမ္မပူဇနိယ တရားပွဲတော်မကျင်းပသည်မှာ အချိန်ကာလတစ်ခုတိုင် ကြာမြင့် နေ ပြီ ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး