သတင်းများ

နတ်မောက်မြို့တွင် သပြေပန်းပင်များ တပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့်မိသားစုအပိုဝင်ငွေရရှိ
Jan 23,2022
မကွေးတိုင်ဒေသကြီး၊ နတ်မောက်မြို့ စျေးရပ်ကွက်တွင် သပြေပန်းပင်များ တပိုင်တနိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ ကြောင်းသိရသည်။ ထိုသို့စိုက်ပျိုးရာတွင် အာဆီယံသပြေ၊ ကံ့ကော် သပြေ၊ အောင်သပြေ၊ ပတ္တမြားသပြေ စသည့်သပြေပန်းမျိုးစုံ စိုက်ပျိုးထားရှိလျက်ရှိသည်။
လယ်ဝေးမြို့နယ်တွင် စိန်ရတုပြည်ထောင်စုနေ့အကြိုဟောပြောပွဲ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ
Jan 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ စိန်ရတုပြည်ထောင်စုနေ့အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယမန်နေ့နံနက် (၁၀) နာရီက လယ်ဝေးမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(သဲဖြူ)တွင် ကျင်းပခဲ့သည်။
မြို့သစ်မြို့တွင် စိုက်ပျိုးဖြစ်ထွန်းနေသော ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ
Jan 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် မြေဆီလွှာပျက်စီး ဆုံးရှုံးမှုကာကွယ်ရန် ဓာတ်မြေသြဇာလျှော့ချပြီး သဘာဝမြေသြဇာဖြစ်သော ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာကို အစားထိုးသုံးစွဲ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာတွင် (၁၆)ကြိမ်မြောက် EXIM BANK ထုတ်ချေးငွေနှင့် အတိုးငွေများကောက်ခံရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Jan 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ (၁၆)ကြိမ်မြောက် EXIM BANK ထုတ်ချေးပေးထားသော ထုတ်ချေးငွေနှင့်အတိုးငွေများကောက်ခံရရှိရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၁၀နာရီက အရှေ့ငယ်တိုးကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် အရှေ့ငယ်တိုးကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အမှုဆောင်များ၊ အသင်းသားများနှင့် တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဖူဆယ်ဘော့လုံးကွင်းအသစ် ဖွင့်လှစ်
Jan 23,2022
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ဖူဆယ်ဘော့လုံးကွင်းအသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက ပြည်သူများထံမှရရှိသည့် အခွန်အခများဖြင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးလျက်ရှိ
Jan 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက ပြည်သူများထံမှရရှိသည့် အခွန်အခများဖြင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉ နာရီအချိန်တွင် အရှေ့မြို့ပတ်လမ်းရှိ ကံ့ကော်လမ်းမှ (1G1) ဟိုတယ်ထိ အရှည် ၁၆၂၅ ပေ၊ အကျယ် ၃၀ ပေရှိလမ်းကို ကတ္တရာနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့၊အမှတ်(၈)ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းအတွင်းရှိ အထက(ခွဲ)ကျောင်း ပြန်လည်ပြုပြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေး
Jan 23,2022
မကွေတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အတွင်းရေးမှူးရဲမှူးမြင့်လွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးဇော်ဟိန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က အမှတ်(၈)ကာကွယ်ရေးပစ္စည်းစက်ရုံဝန်းအတွင်းရှိအထက(ခွဲ)ကျောင်း ပြန်လည်ပြုပြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပုလောမြို့ အထက(၂)ကျောင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ရပ်ကွက်/ကျေးရွာ အသီးသီးသို့ ကွင်းဆင်း၍ ဆောင်ရွက် ပေးလျက် ရှိရာ Bref နံနက် (၉)နာရီ  ပုလောမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။