သတင်းများ

မိုင်းတုံမြို့၌ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂ ပျိုးထောင်ထားရှိမှုအခြေအ နေကွင်းဆင်းစစ်ဆေး
Jul 15,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂ ပျိုးထောင်ထားရှိမှုစပါး စိုက်ကွက်များသို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉:၀၀ နာရီက ရှမ်းပြည်နယ်စိုက်ပျိုးရေးမွေးမြူးရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီအဖွဲ့ဝင်ဦးအိုက် ပလိတ်၊ ပြည်နယ်လွတ်တော်ကိုယ် စားလှယ်များစစ်ဆေးရေးကော်မတီအတွင်းရေးမှူး ဦးစောမူးလာ၊ မိုင်းတုံမြို့နယ်စီမံခန့်ခွဲ့‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးအရာရှိနှင့် ဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် သုံးခွမြို့ အ.မ.က (၁) ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အမက(၁)ကျောင်း၌ ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Jul 15,2026
မကွေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က တိုင်းဒေသကြီးဖူဆက်ရုံ အားကစားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက် ရောက်ခဲ့ကြသည်။
ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက်(၈)နာရီတွင် ကွာတားဖိုင်နယ်ပွဲစဉ်များကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဘောလုံးအားကစားကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ဖြူးမြို့နယ်၌ (၇၉)နှစ်မြောက်​ အာဇာနည်နေ့အထိမ်းအမှတ် စာလုံးပေါင်းသတ်ပုံ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲပြုလုပ်
Jul 15,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  စာလုံးပေါင်းသတ်ပုံ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ (၂၀၂၆-၂၀၂၇) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအပေါ် ပထမ (၃) လပတ်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 15,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် (၂၀၂၆ – ၂၀၂၇) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ပထမ (၃) လပတ် ဧပြီလမှ ဇွန်လကုန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 15,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ သရက်ပင်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 15,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပြည်ကြီးတံခွန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်‌တွင် ကျရောက်မည့် (၇၉)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။