Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပန်းတောင်းမြို့နယ်၌ သြဇာသီးစိုက်ပျိုးထားရှိမှုနှင့် စျေးကွက်အခြေအနေအား ကွင်းဆင်းမေးမြန်းဆွေးနွေး
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ရွှေညီနောင်အုပ်စု၊ ဗြူးကုန်းကျေးရွာနေ သြဇာသီးစိုက်ပျိုးတောင်သူဦးသန်းနိုင်နှင့်တွေ့ဆုံကာ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် အထွက်နှုန်းအား စက်တင်ဘာလ ၉ ရက်နေ့က ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၇)(၉/၂၀၂၅)သို့တက်ရောက် မည့် နိုင်ငံ့သားကောင်းရတနာများနှင့်တွေ့ဆုံ
Sep 12,2025
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) (၉/၂၀၂၅) သို့ တက်ရောက်ရန် ဘားအံမြို့၊ နယ်မြေခံသင်တန်း ကျောင်းတွင်ရောက်ရှိနေသော ကရင်ပြည်နယ်အတွင်းမှနိုင်ငံ့သားကောင်း ရတနာများအား စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ နယ်မြေခံတပ်နယ်မှတာဝန်ရှိသူများ သွားရောက်တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ် အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် လူငယ်စကားဝိုင်းကျင်းပ
Sep 12,2025
အနာဂတ်ကာလတွင် မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဉာဏ်ရည်မြင့်မားစေရန်နှင့် အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက အမှတ်(၂၇) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိ ပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲများကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက အမက(ကျွဲနစ်)နှင့် အ.လ.က (ကျွန်းကလေး)ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ နယ် အမှတ်(၅)ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် Abate ဆေးခပ်ခြင်း၊ ခြင်းဆေးဖျန်းခြင်းများဆောင်ရွက်
Sep 12,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌၊ မိုးဦးကျတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုလောမြို့ အမှတ်(၂) ရပ်ကွက်အတွင်း စက်တင်ဘာလ ၁၂ ရက်နေ့နံနက် ၇ နာရီက ခြင် ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 12,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၉ ရက် နေ့လယ် ၂ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာ အ-ထ-က(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ
Sep 12,2025
မိတ္ထီလာမြို့နယ် ကွက်ငယ်ကျေးရွာ အ-ထ-က(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Sep 12,2025
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
195
Page
196
Page
197
Page
198
Current page
199
Page
200
Page
201
Page
202
Page
203
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department