သတင်းများ

သံဖြူဇရပ်မြို့နယ်၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
Jul 15,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင် ၁၀ ရက်နေ့၌ မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ပေးအပ်ခြင်းအခမ်းအနားကို ဇူလိုင် ၁၄ ရက်မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဘုရင့်နောင်)ခန်းမ၌ ပြုလုပ်သည်။
မိုးညိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 15,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ အားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်၌ ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ဝိနည်းဓိုရ် (ဆင့်ပွား) သင်တန်းကို ယမန်နေ့က ခရမ်းမြို့နယ် သံဃနာယကရုံး ရဲမွန်ကျောင်းတိုက်ကြီး၏ သာသနဝေပုလ္လဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်၌ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်‌နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင် ပြေစေရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မြစ်သားမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းကို ဇူလိုင် (၁၃) ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီး
Jul 15,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ စာဖြူကုန်းကျေးရွာ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကျင်းပ
Jul 15,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် (၇၉) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများသည် ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီအချိန်က အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို  ကျင်းပခဲ့သည်။
ပြည်မြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Jul 15,2026
​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရက်(၁၀၀)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းစီမံချက်တစ်ခုဖြစ်သည့် မြို့နယ်အတွင်းရှိ "အရန်သားဖွားဆရာမများ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ" ကို ပြည်မြို့ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက  ကျင်းပလျက်ရှိသည်။
မရမ်းကုန်းမြို့နယ် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မရမ်းကုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့်ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက (၂) ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။