ဖြူးမြို့နယ်၌ (၇၉)နှစ်မြောက်​ အာဇာနည်နေ့အထိမ်းအမှတ် စာလုံးပေါင်းသတ်ပုံ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲပြုလုပ်

ဖြူး ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  စာလုံးပေါင်းသတ်ပုံ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း ဟောပြော၍ ကျောင်းသား/ ကျောင်းသားသူများအား ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ ပြုလုပ်ပေးသည်။

ဆက်လက်၍ (၇၉)နှစ်မြောက်​ အာဇာနည်နေ့အထိမ်းအမှတ် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၃၀)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး၊  ကျောင်းအုပ်ကြီးများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုများ ချီးမြှင့်ပေးကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)