သတင်းများ

ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေး
Oct 14,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကန်ပြည့်ကျေးရွာအုပ်စု၊ ကန်ပြည့်ကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းရှူးမြို့တွင် မြို့နယ်အဆင့် အင်္ဂလိပ်ဘာသာရပ်နှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်ဘာသာရပ်နှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရှူးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
သန်လျင်မြို့၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ သန်လျင်၌ ကျင်းပ‌
Oct 14,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့၌ ကျောင်းသား ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့် အင်္ဂလိပ်စာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်း မြနန္ဒာဆောင်၌ ကျင်းပခဲ့သည်။
သဲကုန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးထားသော မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Oct 14,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်နှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးထားသော မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်း‌ကြေညာထားရှိ၊ သီးနှံများပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်းများဖွင့်လှစ်
Oct 14,2025
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်၊ ဝက္ကမူကျေးရွာတွင် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှု၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အသိပညာပေးသင်တန်း ဖွင့်လှစ်နေမှုနှင့် အေလာ‌ကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
မိုးနဲမြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားနပ်ရိက္ခာဆန်ထောက်ပံ့ပေးအပ်
Oct 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားနပ်ရိက္ခာ ဆန်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 14,2025
ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာပေစွမ်းရည် မြှင့်မားရေးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်ရှိစေရန်အတွက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က  အခြေခံပညာ အထက်တန်းကျောင်း(သဲကုန်း)တွင် ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီချိန်တွင် မိုးစပါးကို လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်
Oct 14,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီချိန်တွင် မိုးစပါ သီးနှံကို ယခင်နှစ်ထက် စိုက်ဧက ပိုမိုတိုးတက်စိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။