သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း မွန်ပြည်နယ် MSME Agency One Stop Service Centre MSME ယာယီမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း အခမ်းအနား၊ သားဖွား သင်တန်းကျောင်း(မော်လမြိုင်)နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ စားသေ
Jul 16,2026
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် MSME Agency One Stop Service Centre MSME ယာယီမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း မှတ်ပုံတင်လက်မှတ်(ယာယီ)ပြုလုပ်နေမှုများအား လှည့်လည်ကြည့်ရှု၍ (ယာယီ)မှတ်ပုံတင်လက်မှတ်များအား ပေးအပ်ခဲ့သည်။
ပန်းပဲတန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ ကာယဉာဏ ပြပွဲ ၊ပြိုင်ပွဲများ ကျင်းပဆောင်ရွက်
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းပဲတန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုကို ယမန့်နေ့ နံနက် ၁၀ နာရီ၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာ‌‌စောင်ပြပွဲများ၊ ဆေးရောင်ခြယ် ပြိုင်ပွဲများနှင့် ကာယဥာဏပြိုင်ပွဲများအား  ကျင်းပပြုလုပ်သည်။
ကျောက်မဲမြို့၌ ကျောင်းသားလူငယ်များအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပြီး လက်တွေ့သရုပ်ပြ
Jul 16,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) သီရိရတနာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျောင်းသားလူငယ်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရနရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ဆောင်ရွက်သည်။
အောင်လံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 16,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတ တိုးပွားစေရန်၊ တွေးခေါ်မြော်မြင်မှုစွမ်းအားများ မြင့်မားလာစေရန်နှင့် စာဖတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ (၁၄) ရက်နေ့ နံနက် ၉ နာရီက အ.မ.က-၂ (ကန်ကြီး)ကျောင်း၌ ကျင်းပသည်။
ပဲခူးမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့်  နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့အ.လ.က (ခွဲ)စိန်ထွန်းတွင် ယမန်နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။
လမင်းစီမံချက်ဖြင့်‌ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌ ပြုလုပ် ပေးလျက်ရှိ
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးအရာရှိ ဦးဆန်းဦး ကြီးကြပ်မှုဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်သားစိစစ်ရေးကတ်ပြားများအား  ပြုလုပ်ပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အတွင်းပဒံကျေးရွာ အ.ထ.က(၁၂)ကျောင်း၌ ပြုလုပ်ပေးသည်။
ရွှေကျင်မြို့တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ရန်ကုန်မြို့အခြေစိုက် ပါကစ္စတန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Tariq Karim နှင့် အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဂါဝရပြုတွေ့ဆုံ
Jul 16,2026
ရန်ကုန်မြို့အခြေစိုက် ပါကစ္စတန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Tariq Karim နှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သံတမန်ခန်းမတွင် ဂါဝရပြုတွေ့ဆုံခဲ့ သည်။