သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ်လောင်းလှူပွဲ အခမ်းအနား တက်ရောက်
Oct 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းသပိတ် ၁၀၀၀ လောင်းလှူပွဲ အခမ်းအနားကို အော်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြသည်။
မွန်ပြည်နယ် လမ်းပန်းဆက်သွယ်‌‌ရေးဝန်ကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Oct 15,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်းစန်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 15,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  မြို့နယ်အဆင့်အင်္ဂလိပ်စာ၊  သင်္ချာစွမ်းရည်ပြိုင်ပွဲကို   အောက်တို ဘာ ၁၄ ရက်နေ့ နံနက် (၉)နာရီက နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌  ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံး၊ RC (၃) ထပ် အဆောက်အဦအသစ် တက်ရောက်ဖွင့်လှစ်ပေး
Oct 15,2025
ရှမ်းပြည်နယ်၏ဘဏ္ဍာရန်ပုံငွေဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်ရ သုံးမှန်းခြေငွေစာရင်းဦးစီးဌာနကို ၂၀၁၀ ခုနှစ်မှစတင်၍ တောင်ကြီးမြို့ရှိ ရှမ်းပြည် နယ်အစိုးရအဖွဲ့ ရုံးဟောင်းတွင် ရုံးခန်းဖွင့်လှစ်၍ ရုံးလုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးသစ်တွင် ရုံးခန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံး၊ RC (၃) ထပ် အဆောက်အဦအသစ်ဖွင့်ပွဲကို တောင်ကြီးမြို့၊ တောင်ကြီး-ဟိုပုံးသွားလမ်း၊ ကံကြီးရပ်ကွက်ရှိ အဆိုပါရုံးအဆောက်အဦရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(ရွှေကျောင်း)တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာ ပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ နံရပ်စာစောင်ပြပွဲကျင်းပ
Oct 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ရွှေကျောင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို အောက်တိုဘာ   ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Oct 15,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာ (ထက်၊ လယ်၊ မူ)ကျောင်းများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ၏ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲကို မြို့နယ်အခြေခံပညာဦးစီးဌာနမှ ဦးဆောင်၍ အောက်တိုဘာလ (၁၄) ရက်နေ့ နံနက်(၉)နာရီက ချောင်းဆုံ(အ-ထ-က) ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် ပြိုင်ပွဲကျင်းပ
Oct 15,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့်စဉ်ဆက်မပြတ်လေ့လာသင်ယူစေ​ရေးအတွက် ရည်ရွယ်၍ မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာဘာသာ ရပ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကျင်းပ
Oct 15,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားလာစေရေးနှင့် စဥ်ဆက်မပြတ်လေ့လာသင်ယူစေရေးအတွက်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် သင်္ချာနှင့် အင်္ဂလိပ်စာ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။