သတင်းများ

တောင်ဥက္ကလာပမြို့နယ်၌  ဥပဒေအသိပညာပေး ပြည်သူ့စကားဝိုင်း(Public Talk)ကျင်းပ
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်၌ ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဥပ‌ဒေအသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ယမန်နေ့ နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၄)ရပ်ကွက် ဝေနေယျသုခဓမ္မာရုံ၌ ကျင်းပသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ   
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာ နှင့် Royal-D တို့ပူးပေါင်းကျင်းပသော မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ U-14 Boys Royal-D Cup 2026 ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁၆၈) ရပ်ကွက် ဘောလုံးကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်   အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်
Jul 16,2026
၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄) ခရိုင်၊ အသက်(၁၉) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဇူလိုင်(၁၂)ရက်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်နေရာများတွင် ယှဉ်ပြိုင်ကစားလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ မြို့နယ်အားကစားကွင်းနှင့် စမ်း‌ချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတို့တွင်  မင်္ဂလာဒုံခရိုင်အသင်းနှင့် တိုက်ကြီးခရိုင်အသင်း၊  သင်္ဃန်းကျွန်း ခရိုင်သန်လျင်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားတက်ရောက်၊ ဒီးမော့ဆိုမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
Jul 16,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည်  တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့တက်ရောက်ပြီးနောက် ဒီးမော့ဆိုမြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကဝမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ခုနှစ်၊ ဇူလိုင်(၁၉) ရက်နေ့တွင် ကျရောက်မည့်  (၇၉)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မူလွန်(ကမာဘာ) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 16,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နံနက်ပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ် အ.ထ.က(အလှပ်)ကျောင်း၌ လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်
Jul 16,2026
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်းကို  ယမန်နေ့ နံနက်(၁၀) နာရီက ပေါင်မြို့နယ် အထက(အလှပ်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သထုံမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT) ဆင်းပွဲ အခမ်းအနား ကျင်းပ
Jul 16,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဖွင့်လှစ်ခဲ့သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(ToT) သင်တန်းဆင်းပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သုဝဏ္ဏစုပေါင်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။