သတင်းများ

၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် အောင်ပွဲရ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပ
Oct 15,2025
နေပြည်တော်၌ ကျင်းပခဲ့သည့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆု(၃၀)ဆု၊ ငွေတံဆိပ်ဆု(၂၁)ဆု၊ ကြေးတံဆိပ်ဆု(၈)ဆု၊ ဂုဏ်ပြုဆု(၁)ဆုဖြင့် အဆင့်(၁)နေရာ ရရှိခဲ့သည့် အောင်ပွဲရပြိုင်ပွဲဝင်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ကျင်းပခဲ့သည်။
အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ်ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Oct 15,2025
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ အခွင့်ရစီးပွားရေးလုပ်ငန်းဆောင်ရွက်သူ (Authorized Economic Operators – AEO) အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဖယ်ခုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့ အသိပေးပိုစတာစိုက်ထူ
Oct 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင်  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့ အသိပေးပိုစတာကို အောက်တိုဘာ ၁၁ ရက်နေ့  နေ့လယ်ပိုင်းမှစ၍ ဖယ်ခုံမြို့ ပြည်ထောင်စုလမ်းမအဝိုင်းပတ် ဘေးနေရာ၌ပြည်သူများ ကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်ရေးအတွက် စိုက်ထူထားကြောင်း သိရသည်။  
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး တက်ရောက်ချီးမြှင့်
Oct 15,2025
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တို ဘာလ ၁၃ ရက်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ခတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များကြိုဆို
Oct 15,2025
(၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား ကြိုဆိုဂုဏ်ပြုခြင်းကို ယမန်နေ့ညနေပိုင်းက ပုသိမ်တက္ကသိုလ် ဂိတ်(၂)ရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။
နမ့်စန်မြို့တွင် ကျောင်းသား၊ ကျောင်းသူများကို ဆုံဆို့မေးခိုင်နှင့်သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံ
Oct 15,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက် (၅) နှစ်မှ (၇) နှစ် KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့မေးခိုင် ကာကွယ်ဆေး(DT) နှင့် အသက်(၉)နှစ်၊ (၁၀)နှစ် မိန်းကလေးကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့ဦး) ပညာရတနာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့၀င်၀န်ကြီးများ အလုံမြို့နယ် ရပ်ကွက်‌ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအား လိုက်လံကြည့်ရှု
Oct 15,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ အလုံမြို့နယ်ရပ်ကွက်‌ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားမှုအား အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက လိုက်လံကြည့်ရှုခဲ့သည်။
မိုင်းရှူးမြို့နယ်၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်
Oct 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီခွဲအချိန်က အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။