ထန်းတပင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ထန်းတပင်(ပဲခူး) ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ သရက်ပင်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်က လူငယ်များအနေဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံစေရန်နှင့် ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ဟောပြောပေးခဲ့ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်စန်းစန်းနွယ်က အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့်အခွင့်အရေးများနှင့် အကျိုးကျေးဇူးများအကြောင်း ပြောကြားပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်အိအိဝင်းက စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းတို့ကို ဟောပြောပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ပြသခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)