သတင်းများ

အလုံမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 16,2026
လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကွပ်ကဲမှုအောက်ရှိ အလုံမြို့နယ်တွင် အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့က အလုံမြို့နယ် မင်းရဲကျော်စွာလမ်း၊ နှင်းဆီလမ်းရှိ အ.ထ.က(၆)၊ အနန္တပညာခန်းမ၌ ကျင်းပခဲ့သည်။
ကော့မှူးမြို့နယ် အ.ထ.က(ခွဲ)ရေဖြူတွင်းနှင့် အ.လ.က(ခွဲ)ရိုးကန့်လန့်ကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်
Jul 16,2026
ကျောင်းသား၊ ကျောင်းသူများကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုစနစ်ပုံစံများသိရှိစေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရွာတန်းရှည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ရိုးကန့်လန့်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)၌ ကျန်းမာရေးအသိပညာ ပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၌ ရက် (၁၀၀) စီမံချက်အရ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Jul 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်အရ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကို ပျဉ်းမပင်ကျေးရွာ၊ ပျဉ်မပင်မွေးမြူရေးခြံများ နယ်မြေရုံး၌ ကျင်းပသည်။
ဖြူးမြို့နယ်၊ တပ်တွင်း အ.လ.က(ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား  စာလုံးပေါင်းသတ်ပုံ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲ ပြုလုပ်ပေး
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တပ်တွင်း အ.လ.က(ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စာလုံးပေါင်းသတ်ပုံ၊ ပုံပြင်ပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDထုတ်ပေးခြင်း အခမ်းအနားကျင်းပ
Jul 16,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်၉နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 16,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့နံနက် ၉ နာရီအချိန်က အ.မ.က ဆတ်ပုတ် ကျောင်းတွင် နယ်လှည့် စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။
ပန်းတောင်းမြို့နယ်၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ စနစ်တကျ ခွဲဝေရောင်းချ မှု ရှိ/မရှိ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 16,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဒေသခံပြည်သူများ စားအုန်းဆီကို သတ်မှတ်အခြေခံ ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ခရိုင်အဆင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်စနစ်တကျ ခွဲဝေရောင်းချမှု ရှိ/မရှိ မြေပြင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကျောက်ဆည်မြို့နယ် တောင်ပလူစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား စပါးစိုက်တောင်သူများအား သွင်းအားစုများပေးအပ်
Jul 15,2026
မန္တ‌လေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ ကျောက်ဆည်မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ အခြေခံသမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ယမန်နေ့က ကုလားကျောင်းကျေးရွာအုပ်စု၊ တောင်ပလူကျေးရွာ၊ တောင်ပလူ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား မိုးစပါးစိုက် တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။