သတင်းများ

ကြည့်မြင်တိုင်မြို့နယ်၌ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ ပြိုင်ပွဲများ ကျင်းပ
Jul 15,2026
(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Financial Management Training for Commercial Fist Aid ဖွင့်လှစ်
Jul 15,2026
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန၊ ဘဏ္ဍာရေးဌာန၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သည့် “Financial Management Training for Commercial Fist Aid" ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ကြည်မြင်တိုင်မြို့နယ်ရှိ Humanitarian Education Center တွင်ပြုလုပ်ခဲ့ရာ အသင်းအလုပ်အမှုဆောင် ပါမောက္ခဒေါက်တာတင်မောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၊ မောက်မယ်မြို့၊ မိုးနဲမြို့နှင့် နမ့်စန်မြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လင်းခေးမြို့၊ မောက်မယ်မြို့၊ မိုးနဲမြို့နှင့် နမ့်စန်မြို့များအတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဇူလိုင်လ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားတက်ရောက်
Jul 15,2026
မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးသားပေါက်များကိုမြစ်၊ ချောင်း၊ ကန်များအတွင်းသို့ လွှတ်ပေးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်တွင် ငါးသယံဇာတများ ရေရှည်တိုးပွားလာစေရန်နှင့် ဂေဟစနစ်ကိုထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ငါးမျိုးများကို တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက်ရှိရာ ဇူလှိုင်လ ၁၄ရက် ယနေ့နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်၌ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ပုံစံဖြင့် စနစတကျ စက်သုံးဆီရောင်းချမှု ရှိ၊ မရှိ ဆက်လက်ကွင်းဆင်းစစ်ဆေး
Jul 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးကြပ်၍ စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနိုင်ရေးအတွက် အဖွဲ့များခွဲ၍ စုံရက်၊ မရက်များအလိုက် စက်သုံးဆီဆိုင်များတွင် သတ်မှတ်ပုံစံဖြင့် စနစ်တကျ စက်သုံးဆီရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက Denko စက်သုံးဆီဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကော့သောင်းမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား စစ်ဆေး
Jul 15,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်း စားသုံးသူပြည်သူများအား စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး နည်းပညာတက္ကသိုလ် (ဘားအံ)၏ မိုးရာသီအားကစားပြိုင်ပွဲ ဆုချီးမြှင့်
Jul 15,2026
ကရင်ပြည်နယ်နည်းပညာတက္ကသိုလ် (ဘားအံ) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့ထိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံ အသီးသီးတို့တွင် ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 15,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။