ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

ခရမ်း ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယနေ့နံနက်(၈)နာရီတွင် ကွာတားဖိုင်နယ်ပွဲစဉ်များကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဘောလုံးအားကစားကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အဆိုပါ‌အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသင်း(၁၄)သင်း ပါ၀င်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲကို‌ ဇူလိုင်လ (၆)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်တွင် (ကွာတားဖိုင်နယ်) ရှုံးထွက် ပွဲစဉ်အဖြစ် ကန်ညီနောင်အသင်းနှင့် ဒေးပေါက်အသင်းတို့ ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

ခင်နှင်းဝေ