နောင်တရားမြို့၌ ကိုယ်ဝန်ဆောင်မိခင်များ ထောက်ပံ့နိုင်ရေး စာရင်းကောက်ယူ
Jun 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ လူမူဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်မည့် တစ်လလျှင် ကျပ် (၁၅၀၀၀)ကို ကလေးများအာဟာရပြည့်ဝရေးနှင့် ဉာဏ်ရည်မြှင့်မားရေးအတွက် ဖြည့်စွပ်အာဟာရများ ဝယ်ယူစားသုံးနိုင်ရန်အတွက် ကိုယ်ဝန်ဆောင်များ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို နောင်တရားမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကျေးစာရေးများက စာရင်းကောက်ယူလျက်ရှိသည်။