ညောင်ဦး ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း အသက်၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက် ပံ့ခြင်းအခမ်းအနားကို ဇွန် ၁၀ရက်၊ နံနက် ၉နာရီခွဲအချိန်က ညောင်ဦးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ပေးအပ်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်မှအဖွင့် အမှာစကားပြေားကြားပြီး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေါ်တင်တင်စိန်(လက်ထောက်ညွှန်ကြားရေးမှူး)က အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို လူမှု ရေးပင်စင်ထောက်ပံ့ပေး အပ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် အတွင်းရှိ သက်ကြီးအဘိုးအဘွား ၁၃၃၁ ဦးအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီ၊မေ ၊ဇွန်)လများ အတွက် အဘိုးအဘွားတစ်ဦးလျှင်(၃၀၀၀၀)ကျပ်ဖြင့် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ရာ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်တာဝန်ရှိသူများမှ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများသို့ သက်ကြီးဘိုးဘွားများအတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ၈၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၃၁)ဦးအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်ဖြင့် (၃၉၉၃၀၀၀၀/-) ကျပ်(ကျပ်သိန်းသုံးရာကိုးဆယ်ကိုးသိန်း သုံးသောင်းကျပ်)အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ