ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက် ၅ နှစ်မှ ၁၂ နှစ် အရွယ် ကျောင်းသား၊ ကျောင်းသူ ၁၅၅၅ ဦး ရှိပြီဖြစ်
Jun 10,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေး အုပ်စုများအလိုက် ဆက်တိုက်ထိုးနှံပေးလျက်ရှိရာ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ လေးများအား ကျောင်းစဖွင့်သည့် ဇွန် ၂ ရက်နေ့မှစ၍ သက်ဆိုင်ရာ ကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးပထမအကြိမ်အဖြစ် စတင်ထိုးနှံပေးခဲ့ရာ ဇွန် ၈ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ ၁၅၅၅ ဦးရှိပြီဖြစ်ပြီး၊ ယနေ့ နံနက်ပိုင်းမှစ၍လည်း ခနောင်တိုအနောက် ရပ်ကွက်ရှိ အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်းတွင်လည်း ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။