မိုင်းခုတ်မြို့၌ တစ်ပိုင်တစ်နိုင်ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းခုတ် ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပြောင်းပင်များသည် စိုက်ပျိုးချိန်မှစ၍ (၃)လခန့်အကြာတွင် ဆွတ်ခူးရပြီး ပြောင်းဖူးများကိုပြုတ်၍ ရောင်းချပါက သုံးဖူးလျှင်ငါးရာကျပ်ဖြင့်ရောင်းချရကြောင်းနှင့်  ပြောင်းဖူးရင့်များကို ချွေပြီးရောင်းချပါက တစ်ပုံးလျှင် ခြောက်ထောင်ကျပ်ရရှိသဖြင့် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးပါက အပိုဝင်ငွေရရှိသဖြင့် အဆင်ပြေလျက်ရှိကြောင်း ပြောင်းဖူးတစ်ပိုင်တစ်နိုင်စိုက်ပျိုးသူ ဉီးကွတ်ရှဲန်က ပြောသည်။

မိုင်းခုတ်မြို့တွင် ပြောင်းပင်များကို (၁၂)ရာသီစိုက်ပျိုးကြပြီး အခြားမြို့များသို့ စီးပွားဖြစ်တင်ပို့ရောင်းချနိုင်ခြင်းမရှိသော်လည်း  မိမိဒေသတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)