သတင်းများ

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ရုပ်ပုံပြပုံပြင်ပြော ပြိုင်ပွဲနှင့်စာအုပ်စာစောင် ခင်းကျင်းပြသခြင်း ဆောင်ရွက်
Jun 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ရုပ်ပုံပြပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်များကို ယနေ့နံနက်(၁ဝ)နာရီခွဲအချိန်ကပြု လုပ်ပြသခဲ့ကြောင်းသိရသည်။
နောင်ဘိုကြီး အ.ထ.က ကျောင်း၌ (၁) ရက်အတွင်း အသက် (၅) နှစ်နှင့်အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူ (၄၀၀) ဦးရှိ
Jun 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် (၅) နှစ်နှင့်အထက် ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ
စာအုပ်စာစောင်များ လေ့လာဖတ်ရှုရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ
Jun 10,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် အားလပ်သော အချိန်တွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေနံနက်ကမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ကံမမြို့နယ်မှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
Jun 10,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား  ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၌ နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံးတည်ဆောက်မှု(၈၅)ရာခိုင်နှုန်းပြီးစီး
Jun 10,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်း၌ (၈)ခန်းတွဲ (၅) ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦးတစ်လုံးတည် ဆောက်မှုလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ လ၁ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၈၅)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကော့ကရိတ်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ
Jun 10,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ကော့ကရိတ်မြို့ ဒေါနခန်းမ၌ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။
မိုင်းခုတ်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့်စာအုပ်၊စာစောင်များ လှည့်လည်ငှားရမ်းပေး
Jun 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ စာဖတ်သည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသောဗဟုသုတများဖြင့် အသိဉာဏ်ပညာကြီးမားကာ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မအားလပ်သဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် လက်ဝယ်အရောက် စာအုပ်/စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ အပတ်စဉ်ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပဲခူးမြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ
Jun 10,2022
အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကလေးသူငယ်များ အသက်ရှင်သန်မှုဆိုင်ရာ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ၊ ပါဝင် ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများနှင့် ဥပဒေဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက် ၁၀ နာရီက ပဲခူးမြို့ အ.ထ. က(၃) ဝိုင်အမ်ဘီအေခန်းမ၌ ကျင်းပသည်။