သတင်းများ

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဒေါ် ယဉ်ယဉ်ဟန် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေးတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖျာပုံအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ ဖျာပုံမြို့ အကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တံတားဦးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းဆိုင်ရာ အသိပညာပေးဟောပြော
Jun 10,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၉၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(ကျောက်ဆည်)တို့ပူးပေါင်းပြီး ကျောင်သား/သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရတနာထွန်းခန်းမ၌ ကျင်းပကျောင်းသိရသည်။
ချောင်းသာမြို့အတွင်းရှိစက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီသိုလှောင်ရောင်းချမှု အခြေအနေများ လိုက်လံစစ်ဆေး
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ သိုလှောင်ရောင်းချမှု အခြေအနေများကို ယမန်နေ့ည ၈ နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ လိုက်လံ ငှားရမ်းပေး
Jun 10,2022
ဌာနဆိုင်ရာရုံးများမှ စာ‌ပေချစ်မြတ်နိုးသော ဝန်ထမ်းများအနေဖြင့် အားလပ်သောအချိန်များတွင် စာပေဖတ်ရှုမှုရရှိစေရေး အသိပညာဗဟုသုတကြွယ်ဝစေရေး၊ အမှားအမှန်‌ ဝေဖန်ပိုင်းခြား တတ်စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်‌ နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာ‌ရေး အဖွဲ့ရုံးတွင် စာအုပ်စာစောင်များ ငှားရမ်းပေးနေကြသည်။
မြစ်သားမြို့နယ် ၌ mobile  library စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေး
Jun 10,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library   စနစ်ဖြင့်စာအုပ် စာစောင်များအခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ် စာစောင်များအခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
ရေးမြို့နယ်တွင် လေ​ဘေးသင့်ပြည်သူများအား ​ထောက်ပံ့​ငွေများ​ပေးအပ်
Jun 10,2022
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ​မေလ  ၂၂ ရက်​နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ဒဏ် ခံစားခဲ့ရသည့် လေ​ဘေးသင့်ပြည်သူများအား ​ထောက်ပံ့​ငွေ​ပေးအပ်ပွဲ အခမ်းအနားကို ယ​နေ့ နံနက် ၁၀ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ငပုတောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနပူးပေါင်း၍ Fitness Dance သင်တန်းဖွင့်လှစ်
Jun 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် Fitness Dance သင်တန်းအား ယမန့်နေ့ ညနေ ၄ နာရီ အချိန်တွင် ငပုတောမြို့အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။