နောင်တရား ဇွန် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ လူမူဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်မည့် တစ်လလျှင် ကျပ် (၁၅၀၀၀)ကို ကလေးများအာဟာရပြည့်ဝရေးနှင့် ဉာဏ်ရည်မြှင့်မားရေးအတွက် ဖြည့်စွပ်အာဟာရများ ဝယ်ယူစားသုံးနိုင်ရန်အတွက် ကိုယ်ဝန်ဆောင်များ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို နောင်တရားမြို့ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကျေးစာရေးများက စာရင်းကောက်ယူလျက်ရှိသည်။
ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်မှ ကလေးမွေးဖွားမူနှုန်းမြှင့်မားရေး၊ ကလေးငယ်များ အာဟာရပြည့်ဝရေးနှင့် ဉာဏ်ရေမြှင့်မားရေးအတွက် လူမူဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀ ခုနှစ် ဧပြီ ၁ ရက်နေ့မှစ၍ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအသက် ၂ နှစ်အထိ တစ်လလျှင်ငွေကျပ် (၁၅၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယခုအခါ ၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့နိုင်ရန်အတွက် စာရင်းပေးသွင်းခြင်းမရှိသေးသည့် ကိုယ်ဝန်ဆောင်မိခင်များကို စာရင်းကောက်ယူလျက်ရှိပြီး စာရင်းပေးသွင်းရန် ကျန်ရှိနေသည့် ကိုယ်ဝန်ဆောင်မိခင်များ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများသို့ လာရောက်စာရင်းပေးသွင်းကြရန် နှိုးဆော်ထားကြောင်း သိရသည်။ “နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များကို ထောက်ပံ့ငွေပေးအပ်တာကျေးဇူးတင်ပါတယ် အားဆေးတို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ဝယ်စားရတာပေါ့” ဟု ကိုယ်ဝန်ဆောင်မိခင် တစ်ဦးကပြောသည်။
ခွန်အောင်(နောင်တရား)