အထက်မင်းလှ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သရက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု Bakery & Snack အမျိုးမျိုးပြုလုပ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက မလွန်ကျေးရွာအုပ်စု၊ မလွန်ကျေးရွာ၊စကြော ဘုန်းတော်ကြီးကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးစိုးနိုင်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်တို့က အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ/ဆရာမများက သင်တန်းတွင်သင်ကြားမည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အကူပြု Bakery & Snack အမျိုးမျိုးပြုလုပ်နည်း သင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ သင်တန်းသား၊သင်တန်းသူ (၂၀)ဦးအား ဇွန်(၁၀) ရက်နေ့မှ (၁၆)ရက်နေ့ထိ (၇) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)