ပင်းတယမြို့နယ်၌ မြေသားလမ်းမှကတ္တရာလမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး
Jun 10,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်စည်ပင်သာယာရေး ဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဌာရေးနှစ်၊ ပထမသုံးလပတ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်မြို့တွင်းလမ်းများ မြေသားလမ်းမှကတ္တရာလမ်းခင်းခြင်းအား မေလဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ ယခု ဇွန်လ ဆန်းပိုင်းတွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့သည်။