ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုး‌ဆော်

ကရသူရိ ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုး‌ဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ် (၁) ရပ်ကွက်တွင် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် အပြင်ထွက် သွားလာတိုင်း နှာခေါင်းစည်း (Mask) ကို တပ်ဆင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပေးပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၁၅)နှစ်နှင့်အထက် မိဘပြည်သူအားလုံးနှင့် အသက်(၁၂)နှစ်မှ အသက် (၁၈) နှစ်အထိ ကျောင်းသား/သူများ၊ အသက်(၄၀)နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၆) လနှင့်အထက်ရှိသူများ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံနိုင်ကြောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသော်လည်း ကျန်မာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာနေထိုင် ကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကရသူရိ (ပြန်/ဆက်)