တံတား ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ အခြေခံပညာကျောင်း၊ သီရိရတနာခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ပြည်သူအသိပညာပေး နံရံကပ်စာစောင်များအား ယနေ့ နံနက် ၁၀ အချိန်က ခင်းကျင်းပြသ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ အကြောင်းအရာများ၊ မိုးရာသီတွင် ဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ မျောက်ကျောက်ရောဂါ ဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆိုင်ရာကိစ္စရပ်များစသည့် ပြည်သူတို့ သိသင့်သိထိုက်သည့် အချက်အလက်များ၊ မှတ်တမ်းဓာတ်ပုံများစသည့် အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များကို အ.ထ.က ကျောင်းအုပ် ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မိုးဖြူလွင်( တံတား)