ငဖဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၃၂၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ငဖဲ  ဇွန် ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၃၂၃)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းမှ စတင်၍ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။

ထိုသို့ပေးအပ်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်) လအတွက် သက်ကြီး ဘိုးဘွား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ငွေများကို ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၃၂၃)ဦး၏ နေအိမ်များသို့သွားရောက်၍ ငဖဲမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်ဟန်နီထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ လူမှုရေးအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ စုစုပေါင်းထောက်ပံ့ငွေကျပ် ကိုးဆယ့်ခြောက်သိန်းကိုးသောင်းရှိကြောင်း သိရသည်။

မယု(ငဖဲ)